ပုစ္ဆာဆိုသည်မှာ အဖြေတစ်ခုအတွက် ရှင်းလင်းချက်တွေ သီအိုရီတွေထဲမှ ကောက်နှုတ်သက်သေပြုထားသော ဖော်မြူလာတွေဖြင့် တွက်ချက်ရယူရသော ရလဒ်တစ်ခုကို ကိုယ်စားပြုသော မေးခွန်းတစ်ခုဟုဆိုလျှင် ...
အချစ်ဆိုတဲ့ ပုစ္ဆာတစ်ခုအတွက်ရော.. ဖော်မြူလာပေါင်း ဘယ်နှခုမှ တွက်ချက်ရယူနိုင်ပါသလဲ။
ပေးဆပ်ခြင်းဆိုတဲ့ ဖော်မြူလာ လား ။
ရယူခြင်းဆိုတဲ့ ဖော်မြုလာ လား ။
မျှော်လင့်ခြင်းဆိုတဲ့ ဖော်မြူလာ လား။
မျှဝေနားလည်ခြင်း ဆိုတဲ့ ဖော်မြူလာ လား ။
အတွေးအခေါ်အကျင့်စရိုက်တူညီခြင်းမှ နီးစပ်ခြင်းဆိုတဲ့ ဖော်မြူလာ လား။
နောက်ထပ် တွက်ချက် ခံစားလို့ရတဲ့ ဖော်မြုလာပေါင်း ဘယ်နှခု ရှိနေသေးလဲ။
ဒါဆို အချစ်ဆိုတဲ့ ပုစ္ဆာကို ထိတွေ့ခံစားနေသူတွေကရော..သူတို့ ဘယ်ဖော်မြုလာနဲ့ ချည်းကပ်ပြီး ဘဝနဲ့ အချစ်ကို အချိုးချနေသလား။ သိများသိကြရင် တဆိတ်လောက် သူမရဲ့ ပုစ္ဆာကို ကူညီဖြေရှင်းပေးချင်ဘူးလားဟင်......
သူမ တစ်ယောက်ကတော့ ကြယ်စင် တစ်စတောင်မရှိတဲ့ လမိုက်ညမှာ လပြည့်ဝန်းကြီးကို လိုက်ရှာနေခဲ့သလို ပေးဆပ်ခြင်းနဲ့ ထပ်တူညီစွာ မျှော်လင့်ခြင်းဆိုတဲ့ ဖော်မြူလာ ၂ ခုကို ပုစ္ဆာတစ်ခုမှာ မှားယွင်းစွာဖြေရှင်းအသုံးချမိလိုက်တဲ့အတွက် ” + ” ရလဒ်ရမယ့် အစား ” - ” ရလဒ်တစ်ခုကို ကြိတ်မှိတ်မြိုသိပ်စွာ ခါးသီး ရင်ဝှက်သိမ်းဆည်းထားရင်း ... ရာစုနှစ်အချို့ကုန်လွန်လာသည်အထိပေါ့။
ပေးဆပ်ခြင်း ၊ မျှော်လင့်ခြင်း ၊ သဘောထားကွဲလွဲခြင်းမှ နာကျင်မိခြင်း၊ ဆန္ဒနဲ့ဘဝ တထပ်တည်းမကျခဲ့တဲ့ အချစ်ဆိုတဲ့အကျည်းတန်ဆုံးအရာက သူမ ဘဝမှာ တားဆီးပိတ်ပင်ထားတဲ့ သော့ခလောက်ကလေးအနေနဲ့ သံချေးတွေအထပ်ထပ်နဲ့ ...
ရက်တွေ...လတွေ..... နှစ်တွေ... ကုန်ဆုံးသည့်တိုင်အောင် သော့ခလောက်ကလေးမှာလည်း သံချေးတွေက ပိုလို့တိုးရင်း.. သော့ခလောက်ကလေးရဲ့ အတွေးအိမ်ထဲမှာလည်း သူဟာ သူ့သခင်မအတွက် ထာဝရပိတ်လှောင်ပေးရမယ့် သံချေးတက်သော့အိမ်လေးဖြစ်သွားမှာလား ဆိုတာပါပဲ...
လသာညအချို့ကို ရိုက်ချိုးပိတ်မှောင်ရင်း မှောင်အလုံပိတ်အခန်းထဲ တိတ်ဆိတ်ငြိမ်သက်မှုတွေ ပွေ့ဖက်ထားရင်းကနေ .. ဖျက်ခနဲ အလင်းရောင်တစ်ခုနဲ့အတူ ထင်မှတ်မထားတဲ့ တနေရာမှ တိုးဝင်လာတဲ့အရာတစ်ခု သူမရဲ့ သံချေးအထပ်ထပ်တက်နေတဲ့ သော့ခလောက်ကို ”ဂျောက်” ခနဲ့အသံနဲ့အတူ ပွင့်လာတဲ့အသံကို နှလုံးသားခပ်အက်အက်ကြားမှကြားမိတဲ့အခိုက်.. .... မျှော်လင့်ခြင်းအလျင်းကင်းသော အရာတစ်ခုက သူမရဲ့ ဖုန်းအလိမ်းလိမ်းအခန်းထဲ ချိုမြိန်အပြုံးတွေနဲ့ လှမ်းဝင်မယ့်ဟန်ကို လှမ်းမြင်ရတဲ့အခိုက်.... အို .... အဲဒါ ဘာလဲဟင်... အဲဒါ ဘယ်လိုအရာလဲဟင်...
သိမ့်ခနဲ လှိုက်တုန်.. ရိုးတွင်းချဉ်ဆီတွေအထိ .. စီးမျောသွားခိုက်.. သူမအတွေးထဲရောက်လာမိနေတာက
”ဒါဟာ ချစ်ခြင်း” ဆိုတဲ့ အရာလား။
အို... ဟင့်အင်း... သူမ မှာ အချစ်မရှိဘူး ... သူမ မှာ အချစ်ဆိုတာ မရှိတော့ဘူး .. ကျေးဇူးပြုပြီး မဖွင့်လိုက်ပါနဲ့... ကျေးဇူးပြုပြီး...ဝင်မလာပါနဲ့.... သူမရဲ့ ခပ်ဆွေးဆွေးတံခါးကို သံချေးတက်နေတဲ့ သော့ခလောက်ကလေးနဲ့ပဲ အရှိအတိုင်းပဲ ထားပေးပါ လို့ တောင်းဆိုရင်း...
သူမမှာ ဘာလို့ နှလုံးသားသော့ခလောက်လေးတစ်ခုရှိနေရတာလဲ။ ထိုသော့ခလောက်လေးကရော ဘာကြောင့်သံချေးတက်အကျည်းတန်စွာ သူမနှလုံးသားတံခါးကို တင်းကျပ်စွာပိတ်လှောင်ထားရတဲ့တာဝန်ကို ထမ်းဆောင်နေရတာလဲ။ ထို..သံချေးတွေအဖန်တရာတက်နေတဲ့ သော့အိမ်အတွက် အလိုအလျောက်ရောက်လာတဲ့သော့တံတစ်ချောင်းက အမှန်တကယ်ကို ဖွင့်လိုက်နိုင်တယ်ဆိုရင်................
သူမက ကြည့်နူးကျေနပ်စွာ လက်ခံကြိုဆိုမှာလား....
ဒါမှမဟုတ်... သူမ နှလုံးသားကို ဗလာခင်းကျင်းပြီးပဲ တိတ်ဆိတ်သော့ပိတ်ပေးဖို့တောင်းဆိုနေမှာလား...
ဆက်ရန်...... :)
အင်း နှလုံးသားကို သော့ခတ်ထားတာ သော့တောင်သံချေးတက်နေပြီဆိုတော့ အတော်ကြာနေပြီထင်ပါရဲ့။း)
ReplyDelete်ခင်မင်လေးစားလျက်
အချစ်ဟုတ်မဟုတ်တော့မပြောတတ်ဘူး
ReplyDeleteအကျိုးအကြောင်းတိုက်ဆိုင်ရင်တော့တံခါးပွင့်မှာသေချာတယ် :D
စူးနွယ်လေး
တင်းထားတဲ့စိတ်တွေကိုလျှော့လိုက်ပြီး အလိုက်သင့်နေသွားရင်းနဲ့ အချစ်ဆိုတာ ကိုတွေ့ လာတတ်တယ်။ အတွေးတွေများနေရင် ဝေးဝေး သွားတတ်တယ်။
ReplyDeleteအင်း.. အဲဒီပုစ္ဆာက တော်တော်ခက်တယ်။ တွက်တတ်တဲ့သူမရှိဘူး။ ဖေါ်မြူလာတစ်ခုကို အဖြေတစ်မျိုးထွက်တယ်။ ဘယ်ဟာအမှန်လဲ မပြောတတ်ဘူး... ဆက်ရန်ဆိုတော့ ဆက်ပြီးအဖြေ၀ိုင်း ရှာကြတာပေါ့။ :P
ReplyDeleteသော့ခတ်ထားရခြင်းနောက်ကွယ်မှာလည်း တစ်စုံတစ်ရာအကြောင်းရှိမယ် ထင်တယ်။
ReplyDeleteနှလုံးသားဆိုတာ အမြဲသော့ခတ်ထားလို့မရဘူးတဲ့..
အချိန်တန်ရင် ပွင့်လာရရေား)
အလီဘာဘာလို လူမျိုးကတော့ Open sesame!!! ဆိုပြီး ဖွင့်ဝင်လာမှာ သေချာတယ် ညီမရေ..၊ ဒါပေမယ့် သူ့လို လူမျိုးဆိုရင်တော့ ဆင်းရဲသားတွေ အတွက် ခွဲဝေပေးမှာမို့ ကိုယ့် နှလုံးသား ရွှေထည်တွေ ဆုံးရှုံးလည်း ပေးပျော် ပါတယ်နော်...၊းD
ReplyDelete